အရင်တစ်ခေါက်က ပို့စ်မှာ ၆ ဂဏန်းနဲ့ ၇ ဂဏန်းရတဲ့ မှောအင်းကွက် Magic Square တွေကို တွေ့နိုင်ပါတယ်။ ၆ ဂဏန်းကို ၉ ရဲ့ ပြောင်းပြန် Reversal Number အဖြစ် ယူဆကြပါတယ်။ ၆ ဂဏန်း သုံးလုံးတွဲဖြစ်တဲ့ ၆၆၆ ကိုတော့ မိစ္ဆာနံပါတ်လို့ ခရစ်ယာန်ဘာသာဝင်တွေက အယူရှိကြပါတယ်။ တကယ်က ၆ + ၆ + ၆ = ၁၈ = ၁ + ၈ = ၉ ပဲ ဖြစ်ပါတယ်။ ၆ + ၃ = ၉ ဖြစ်သလို... ၆ x ၃ = ၁၈ = ၁ + ၈ = ၉ ပဲဖြစ်ပါတယ်။
ဒီတစ်ခါတော့ ၆ ရဲ့ မိတ်ဆွေဖြစ်တဲ့ ၃ ဂဏန်း အင်းကွက်ကိုလေ့လာကြည့်ရအောင်ပါ။ ၃ ဂဏန်းကို Lucky Number လို့ အနောက်တိုင်းက အယူရှိပါတယ်။ ၃ ဂဏန်းကို Number of Growth တိုးတက်ကြီးပွားသော ဂဏန်းလို့လည်း တချို့က ယူဆပါတယ်။ သုံးကို သုံးကြိမ်ပေါင်းခြင်းဖြင့် (၃ + ၃ + ၃ = ၉) ကိုးဂဏန်း ရတဲ့ အတွက် ၃ ဟာ ၉ ရဲ့ မိတ်ဖက် ဂဏန်းတစ်ခုလို့ ယူဆနိုင်ပါတယ်။ ဂဏန်းဗေဒင်မှာ ၃ရက်၊ ၁၂ရက်၊ ၂၁ ရက်၊ ၃၀ ရက် မွေးတဲ့ သူတွေကို ၃ ဂဏန်းသမားများ အဖြစ် သတ်မှတ်ပါတယ်။ သုံးဂဏန်းသမားတွေ ဆောင်သင့်တဲ့ တတိယအဆင့် မှော်အင်းကွက် Magic Three Square ကို ဒီပို့စ်ရဲ့ ထိပ်ဆုံးမှာ တွေ့နိုင်ပါတယ်။
အဲဒီအင်းကွက်ကို အတန်းလိုက်၊ တိုင်လိုက်၊ ဒေါင့်ဖြတ်လိုက် နောက်ဆုံး ဂဏန်း တစ်လုံးတည်း ကျန်သည်အထိ ပေါင်းရင် ၃ ရတာကို တွေ့ရပါမယ်။ ဒီအင်းကွက်ဟာ ထူးခြားပါတယ်လို့ အသုံးပြုဖူးတဲ့သူတွေက ပြောကြပါတယ်။ ၃ ဂဏန်းပိုင်ရှင်တွေပဲ မဟုတ်ပါဘူး။ အခြားဂဏန်း ပိုင်ရှင်တွေလည်း အသုံးပြုလို့ ရပါတယ်။ ဒါပေမယ့် ကိန်းဂဏန်းတွေဟာ အသက်မရှိပေမယ့် အစွမ်းရှိတဲ့အတွက် ပေါ့ပေါ့တန်တန် အသုံးမပြုမိဖို့ သတိပေးလိုက်ပါရစေ
၃၊ ၆၊ ၉ ဂဏန်းတွေဟာ မိတ်ဖက် ဂဏန်းတွေပါ။ သူတို့ဟာ အချင်းချင်း ချိတ်ဆက်နေပါတယ်။ ဒီ ချိတ်ဆက်မှုကို သင်္ချာနည်းနဲ့ တွက်ကြည့်ကြပါမယ်။
၃ ဂဏန်းကို အကြိမ်မည်မျှပင် ပေါင်းကြည့်ပါ... ၃၊ ၆၊ ၉ သာ ထွက်ပါသည်။
၆ ဂဏန်းကို အကြိမ်မည်မျှပင် ပေါင်းစေကာမူ... ၃၊ ၆၊ ၉ သာ ထွက်ပါသည်။
၉ ဂဏန်းကို အကြိမ်ကြိမ်ပေါင်းလျှင်တော့ ၉ သာထွက်ပါသည်။ ဒါကလည်း ကိုးဂဏန်းရဲ့ ထူးခြားချက်ဟုပင် ဆိုရမည်။
၃ + ၃ = ၆
၃ + ၃ + ၃ = ၉
၃ + ၃ + ၃ + ၃ = ၁၂ = ၁ +၂ = ၃
၃ + ၃ + ၃ + ၃ + ၃ = ၁၅ = ၁ + ၅ = ၆
၆ + ၆ = ၁၂ = ၁ + ၂ = ၃
၆ + ၆ + ၆ = ၁၈ = ၁ + ၈ = ၉
၆ + ၆ + ၆ + ၆ = ၂၄ = ၂ + ၄ = ၆
၆ + ၆ + ၆ + ၆ + ၆ = ၃၀ = ၃ + ၀ = ၃
၉ + ၉ = ၁၈ = ၁ + ၈ = ၉
၉ + ၉ + ၉ = ၂၇ = ၂ + ၇ = ၉
၉ + ၉ + ၉ + ၉ = ၃၆ = ၃ + ၆ = ၉
၉ + ၉ + ၉ + ၉ + ၉ = ၄၅ = ၄+ ၅ = ၉
အထက်ကလို ၂၄ = ၂ + ၄ = ၆ ဟု ဂဏန်းတစ်လုံးတည်း ကျန်အောင် ပေါင်းခြင်းကို သင်္ချာသင်္ကေတ Sigma (∑) ဖြင့် ကိုယ်စားပြုပါသည်။ ထို Sigma သည် ဂဏန်းတစ်ခု၏ တကယ့် အနှစ်သာရတန်ဖိုး... "The sigma value of a number is the ultimate essence of a number..." ဟု Cecil Balmond က Number 9 စာအုပ်တွင် ဆိုပါသည်။ ၃ နှင့် ၆ သည် ၉ ဂဏန်းရောက်ရှိဖို့ Stepping Stones ဟုလည်း ဆိုကြပြန်ပါသည်။ ၃၊ ၆၊ ၉ ဂဏန်းတွေ ဆက်သွယ်နေပုံကို Sigma Circle လို့ခေါ်တဲ့ ဂျီသြမေတြီ ပုံလေး တစ်ခု ဆွဲပြီး လေ့လာကြည့်မယ်ဆိုရင် အောက်က ပုံအတိုင်း တွေ့ရမှာဖြစ်ပါတယ်။ (Sigma Circle ဆိုတာ ၁ ကနေ ၉ အထိ အခြေခံ ဂဏန်းကိုးလုံးကို စက်ဝန်းပတ်ပေါ်မှာ အညီအမျှ နေရာချထားတဲ့ စက်ဝိုင်းကို ခေါ်ပါတယ်။)

(Source: Number 9: The Search for the Sigma Code, Cecil Balmond)
၃ - ၆ - ၉ ရဲ့ ဆက်သွယ်ချက်ပြီးတဲ့အခါ အခြား ဂဏန်းတွေရဲ့ ဆက်သွယ်ချက်ကို ဆက်လေ့လာ ကြည့်ကြမယ်ဆိုရင် အထက်က ဖြစ်ပျက်ပုံနဲ့ မတူတာကို တွေ့ရမှာပါ။
၁ + ၁ = ၂
၂ + ၂ = ၎
၎ + ၄ = ၈
၈ + ၈ = ၁၆ = ၁ + ၆ = ၇
၇ + ၇ = ၁၄ = ၅
၅ + ၅ = ၁၀ = ၁ + ၀ = ၁
အထက်က ဂဏန်း ခြောက်လုံးရဲ့ ပထမအဆင့် ဆက်သွယ်ချက်ကို Sigma Circle ထဲမှာ နေရာချကြည့်မယ်ဆိုရင် အောက်က အတိုင်း တွေ့နိုင်ပါလိမ့်မယ်။
အထက်က ပုံဟာ ၁၂၄၅၇၈ ဂဏန်းတွေကို နှစ်ခါပြန် ထပ်ခါပေါင်းရင် ဖြစ်ပျက်မယ့်ပုံကို ချုံပြီး ဆွဲပြထားတာပါ။ ပုံအရ ဂဏန်းတွေရဲ့ ဖြစ်ပျက်ပုံက ၃၊ ၆၊ ၉ ဖြစ်ပျက်ပုံနဲ့ မတူဘူး ဆိုတာ တွေ့ရပါမယ်။ ဒါဆိုရင် အခြေခံ ဂဏန်း ကိုးလုံးမှာ ခြောက်ခုက တစ်တွဲ၊ သုံးခုက တစ်တွဲဖြစ်ပျက်နေတာကို တွေ့ရပါမယ်။ (၆ + ၃ = ၉ ) အဲဒီ အထက်က ဂဏန်းခြောက်လုံးကို ပြန်ကြည့်ပါမယ် ၁၂၄ နဲ့ ၈၇၅ ဆိုပြီး သုံးလုံးစီ ခွဲကြည့်လိုက်ပါမယ်။ အဲဒီအခါ ထူးခြားချက် တစ်ခုကို ထပ်တွေ့ပါမယ်။ ၁၂၄ + ၈၇၅ = ၉၉၉ ဖြစ်တာကို တွေ့ပါမယ်။ ဒါကြောင့် ၉ ဂဏန်းဟာ ဂဏန်းတိုင်းရဲ့ နောက်ကွယ်က စိုးမိုးနေတဲ့ စကြ၀ဠာကြီးရဲ့ အဆုံးသတ် ဂဏန်းလို့ တချို့က ဆိုကြပါတယ်။
အထက်က ၁၂၄၈၇၅ ဆိုတဲ့ ဂဏန်းခြောက်လုံးကို မွေးဖွားပေးတာက ၇ ဂဏန်းဖြစ်ပါတယ်။ ၇ ဂဏန်းကို ကံကောင်းတဲ့ ဂဏန်း Lucky Number အဖြစ် သတ်မှတ်ကြသလို မှော်ပညာတွေနဲ့ သက်ဆိုင်တဲ့ ဂဏန်းအဖြစ် တချို့ကယူဆပါတယ်။ ၇ ဂဏန်းဟာ သင်္ချာအရ Prime Number လို့ခေါ်တဲ့ သုဒ္ဓကိန်း တစ်ခုလည်းဖြစ်ပါတယ်။ တစ်ပတ်မှာ ခုနှစ်ရက် တိတိ သတ်မှတ်ထားခြင်းအားဖြင့် ၇ ဂဏန်းဟာ နေနဲ့လတို့ရဲ့ လည်ပတ်မှုနဲ့ သက်ဆိုင်တယ် လို့လည်း တချို့က ယူဆပါတယ်။ စိတ်ပညာ သုတေသနတချို့က လူအများစုဟာ အကြောင်းအရာ ၇ ခုထက် ပိုလာတာတွေကို ချက်ချင်း မှတ်နိုင်စွမ်းမရှိတော့ဘူးလို့ ဆိုပါတယ်။
၇ ဂဏန်းက မွေးဖွားပေးတဲ့ ဂဏန်း ၆လုံးကို စက်ဝိုင်းပတ် ဂဏန်းများ (Cyclic Numbers) လို့ သင်္ချာမှာ သတ်မှတ်ပါတယ်။ ဒါကို စမ်းကြည့်ကြပါစို့။ ပထမဆုံး ကြိုက်နှစ်သက်ရာ ဂဏန်းတစ်ခုကို ယူပါ။ ၇ နဲ့ စားလို့ မပြတ်တဲ့ ဂဏန်း ဖြစ်ရပါမယ်။ အဲဒီအခါ ဒဿမ နေရာနောက်မှာ ၁၄၂၈၅၇ ဆိုတဲ့ ဂဏန်း ခြောက်လုံးသာ ထပ်ပြန်ကျော့နေတာကို တွေ့ရပါလိမ့်မယ်။ အောက်က နမူနာတွေမှာ ကြည့်ပါ။
၁/၇ = ၀.၁၄၂၈၅၇၁၄၂၈၅၇၁၄၂၈၅၇...
၂/၇ = ၀.၂၈၅၇၁၄၂၈၅၇၁၄၂၈၅၇၁၄...
၃/၇ = ၀.၄၂၈၅၇၁၄၂၈၅၇၁၄၂၈၅၇၁...
၈/၇ = ၁.၁၄၂၈၅၇၁၄၂၈၅၇၁၄၂၈၅၇...
၁၃/၇ = ၁.၈၅၇၁၄၂၈၅၇၁၄၂၇၈၅၇၁၄...
ဒီ ၁၄၂၈၅၇ ရဲ့ ဖြစ်ပုံဆန်းကို Sigma စက်ဝိုင်းထဲမှာ နေရာချကြည့်မယ်ဆိုရင် အောက်ကအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။
၇ ဂဏန်းက မွေးဖွားပေးလိုက်တဲ့ ဒီ ၁၄၂၈၅၇ ဟာ ကိုးဂဏန်းနဲ့ ဆက်နွှယ်မှု ရှိပါတယ်။
၁၄၂ + ၈၅၇ = ၉၉၉
၁၄၂၈၅၇ x ၇ = ၉၉၉၉၉၉
ဒီ ဂဏန်းတွေကို ၁ ကနေ ၆ အထိ ဂဏန်းတွေနဲ့ မြှောက်ကြည့်တဲ့အခါ ရလာဒ်တွေက အဲဒီ ဂဏန်းခြောက်လုံးမှာပဲ တ၀ဲလည်လည် ဖြစ်နေတာကို တွေ့ရပါမယ်။
၁၄၂၈၅၇ x ၁ = ၁၄၂၈၅၇
၁၄၂၈၅၇ x ၂ = ၂၈၅၇၁၄
၁၄၂၈၅၇ x ၃ = ၄၂၈၅၇၁
၁၄၂၈၅၇ x ၄ = ၅၇၁၄၂၈
၁၄၂၈၅၇ x ၅ = ၇၁၄၂၈၅
၁၄၂၈၅၇ x ၆ = ၈၅၇၁၄၂
နောက်ထပ် ထူးခြားချက် တစ်ခုကတော့... (၈၅၇ x ၈၅၇) – (၁၄၂ x ၁၄၂) = ၇၁၄၂၈၅
ဒီ ၁၄၂၈၅၇ နဲ့ ၃၆၉ စက်ဝိုင်းနှစ်ခုကို ပေါင်းစပ်ထားတာကို ဟိန္ဒူ အယူအဆဖြစ်တဲ့ Gnostic Circle ဆိုတဲ့ သဘာဝဖြစ်ပျက်ပုံကို ဖော်ပြတယ်ဆိုတဲ့ စက်ဝိုင်းကားချပ်မှာလည်း တွေ့နိုင်ပါတယ်။ အသေးစိတ်ဖတ်ရှုချင်ရင်တော့... မူလဆိုက်နေရာ မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ Vedic Cosmology ဆိုတဲ့ စကြ၀ဠာ အယူအဆတွေကိုပါ ရှင်းပြ ထားပါသေးတယ်။ စိတ်ဝင်စားရင် သွားရောက်ဖတ်ရှုကြည့်ပါ။
သင်္ချာနယ်မှာ ရှားရှားပါးပါး ရှိနေတဲ့ Prime Number ဆိုတဲ့ သုဒ္ဓကိန်းတွေကို လေ့လာတာဟာလည်း သင်္ချာပညာရှင်တွေရဲ့ ကစားကွင်း တစ်ခုလိုပါပဲ။ ၇ နဲ့ စတဲ့ သုဒ္ဓကိန်းတွေရဲ့ လှပမှုကို လေ့လာကြည့်မယ်ဆိုရင်...
၇
၇၃
၇၃၉
၇၃၉၃
၇၃၉၃၉
၇၃၉၃၉၁
၇၃၉၃၉၁၃
၇၃၉၃၉၁၃၃
၇၃
၇၃၉
၇၃၉၃
၇၃၉၃၉
၇၃၉၃၉၁
၇၃၉၃၉၁၃
၇၃၉၃၉၁၃၃
၁ ကနေ ၉ အထိ ဂဏန်းတွေနဲ့ ၇ နဲ့ ဆက်သွယ်မှုကို အောက်မှာ တွေ့နိုင်ပါတယ်။ အဲဒီမှာလည်း ၉ ဂဏန်းက မပါမဖြစ် ပါဝင်နေတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။
(၉၈၇၆၅၄၃၂၁ - (၁၂၃၄၅၆၇၈၉ + ၉)) / ၁၂၃၄၅၆၇၈၉ = ၇
၇ ဂဏန်းကို အနောက်တိုင်းက ထူးခြား ဆန်းကြယ်တဲ့ ဂဏန်းအဖြစ် ယူဆပါတယ် ဒါကို archimedes-lab ၀က်ဘ်ဆိုက်က အောက်ပါအတိုင်း စုဆောင်းထားပါတယ်။
MAGIC SEVEN
7
is the Holy number. There are 7 days in creation, 7 days in the week, 7
phases of the moon, every 7th year was sabbatical, and 7 times 7 years
was the jubilee. There are 7 ages in the life of man, 7 divisions in the
Lord's Prayer, 7 bibles, 7 churches of Asia, 7 Graces, 7 Deadly Sins, 7
Senses, 7 Sorrows of the Virgin, 7 Virtues, 7 joys of the Virgin, 7
Precious Things of the Buddhas, 7 Sleepers of Ephesus, 7 Lamps of
Architecture. The apostles chose 7 deacons, Enoch, who was translated,
was 7th from Adam; Jesus Christ was the 77th in a direct line. The
vision of Daniel was 70 weeks; and the elders of Israel were 70. There
were also 7 heavens, 7 planets, 7 stars, 7 wise men, 7 champions of
Christendom, 7 notes in music, 7 primary colors, 7 sacraments of the
Catholic Church, and 7 wonders of the world. 7 gateways were traversed
by Inanna, the most important goddess of the Sumerian pantheon, during
her descent into the underworld. The 7th son was considered endowed with
pre-eminent wisdom; and the 7th son of a 7th son is still thought to
possess the power of healing diseases spontaneously.
No comments:
Post a Comment