Sunday, May 4, 2014

ဓာတ်ဖန်လုံးဖြင့် ရှေ့ဖြစ်ဟောခြင်း ( Crystal Gazing)

ဖန်လုံး ဓာတ်ဖန်လုံးဟု အဓိပ္ပာယ်ရသော Crystal ဆိုသည့် စကားလုံးသည် BC 4 ရာစုခန့်က ခဲနေသောရေ (သို့) သန့်ရှင်းသောရေခဲဟု အဓိပ္ပာယ်ရသော
ဂရိစကားလုံးမှ ဆင်းသက်လာသည်။ နောက်ပိုင်းမှ သလင်းကျောက်တုံး မာသောကျောက်ခဲ ဟု ပြောင်းလဲခေါ်ဝေါ် သုံးနှုန်းခဲ့သည်။ ဓာတ်ဖန်လုံးကို အနာဂတ်ကိုကြည့်ဖို့အတွက် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ အနာဂတ်ကို ကြည့်ရှုခြင်းမှာ ဓာတ်ဖန်လုံးတစ်ခုတည်းကိုပဲ ကြည့်ပြီး ရှေ့ဖြစ်ဟောခဲ့တာတော့ မဟုတ်ပါဘူး။ ဖန်ခွက် ၊ ရေ ၊ မှန် ၊ သလင်းကျောက်တို့ကိုလည်း ထူးခြားဆန်းကြယ်သောအမြင်များကို ရရှိဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။
ဓာတ်ဖန်လုံး သလင်းကျောက်တုံးတွေကို အသုံးပြုသူများ၏ယုံကြည်မှုကတော့ မိမိကြည့်သော ပစ္စည်းများသည် သံလိုက်ကဲ့သို့ စိတ်စွမ်းအင်များကို ဆွဲယူနိုင်သောသဘောရှိသည့်အတွက် မိမိတို့သိချင်သော အနာဂတ်အကြောင်းအရာများကို တိတိကျကျဖော်ပြပေးနိုင်သည်ဟု ယုံကြည်ကြသည်။ အချို့ရုပ်ရှင်ကားတွေထဲမှာရှိတဲ့ ဂျစ်ပစီရှေ့ဖြစ်ဟောသမားတွေက အဖြူရောင်ဖန်လုံးများတွင် ပေါ်ပေါက်လာသောပုံရိပ်များကို မေးမြန်းလာသူရဲ့အနာဂတ်ကို ကြည့်ရှုပြီး အနာဂတ်ကိုဟောပြောပုံများကို  လူတိုင်းရင်းနှီးနေပါလိမ့်မယ်။ အဲဒီဖန်လုံးက ဓာတ်ဖန်လုံးပင် ဖြစ်ပါတယ်။ အရင်ဆုံးဓာတ်ဖန်လုံးကို ဘယ်လိုရွေးချယ်ကြမလဲ။ အချို့ဓာတ်ဖန်လုံးတွေက ပြောင်ချောပြီး သန့ှ်ရှင်းနေတဲ့ ဖန်သားဖြင့် ပြုလုပ်ထားကြပါတယ်။ တောက်ပနေတဲ့ခဲဖန်လုံး ၊ ပြုပြင်ထားသောသလင်းကျောက်ဖန်တုံး ၊ သဘာဝသလင်းကျောက်စတာတွေလည်း အနာဂတ်ကို ကြည့်လို့ရနိုင်တဲ့ ပစ္စည်းအချို့ပါပဲ။ သန့်ရှင်းပြောင်ရှင်းနေတဲ့ သလင်းကျောက်တုံးကတော့ အများအားဖြင့် အသုံးပြုကြတဲ့ ပစ္စည်းတစ်ခုပါပဲ။ သလင်းကျောက်တုံးတို့ ဓာတ်ဖန်လုံးတို့ ၀ယ်လို့မရတဲ့သူတွေကတော့ ရိုးရိုး ဖန်လုံး ၊ ပြောင်ချောနေတဲ့ ဖန်ခွက်ထဲကို ရေထဲပြီးကြည့်နိုင်ပါတယ်။ ဖန်ခွက်အသုံးပြုသူများအနေနဲ့ ကိုယ်ကြည့်တဲ့ ဖန်ခွက်ထဲကို ဘေးက အရိပ်တွေ အလင်းတွေ မ၀င်အောင် ဂရုစိုက်ရပါမယ်။ အလင်းတွေ အရိပ်တွေ မ၀င်ချင်ရင်တော့ မိမိရဲ့နောက်ကျောမှာ မီး ခပ်မှိန်မှိန်လေး ထွန်းထားပါ။ အတိတ် အနာဂါတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး ဝေဖန် ပိုင်းဖြား ဟောပြောနိုင်သော ပညာရပ် တစ်ခုဖြစ်သော ဓာတ်ဖန်လုံးကျင့်စဉ်ပြုလုပ်ဖို့အတွက် အောက်မှာအရင်ဆုံး လုပ်ဆောင်ရမှာတွေ ရှိပါတယ်။
သန့်ရှင်းအောင်လုပ်ခြင်း

အကယ်၍ ဖန်လုံးဝယ်လာခဲ့ရင် သန့်စင်အောင် အရင်ဆုံးလုပ်ရပါမယ်။ ၀ယ်လာသောဖန်လုံးကို ရေ ဆပ်ပြာချောများဖြင့် တိုက်ဆေးပြီး နူးညံ့သောအ၀တ်စ(သိုးမွှေးစ)များနဲ့ ပွတ်တိုက်ပေးရပါမယ်။ ဒါက အပြင်ပိုင်းရုပ်ဝတ္ထုပိုင်းကို ဆေးကြောရာရောက်သလို အတွင်းပိုင်းမှာရှိတဲ့ စွမ်းအင်များ ထွက်ပေါ်လာဖို့အတွက်လည်း ဖြစ်ပါတယ်။ ဖန်ခွက်ကိုလည်း ဒီလိုဆေးပေးမယ်ဆိုလည်း ဆေးပေးနိုင်ပါတယ်။ မိမိစိတ်ထဲမှာ မကောင်းတဲ့အငွေ့အသက်များ မရှိတော့သည့်အထိ တိုက်ချွတ်ပေးပြီး သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ပါ။ ဒါဆိုရင်တော့ သန့်ရှင်းအောင်လုပ်ခြင်းကတော့ ပြီးသွားပါပြီ။
စွမ်းအင်သွင်းနည်း
ဓာတ်ဖန်လုံး ဖန်ခွက်များကို နေဖြင့်တိုက်ရိုက်မထိတွေ့ပါစေနဲ့။ ထိတွေ့လိုက်မည်ဆိုပါက စွမ်းအင်များကိုစုပ်ယူသော သံလိုက်စွမ်းအင်များသည် အားနည်းလာပါလိမ့်မည်။ မိမိကြည့်ရှုလိုသော မြင်ကွင်းများသည်လည်း မပြတ်မသားဖြစ်လာပါလိမ့်မည်။ ဒါကြောင့်ပထမဦးစွာ စွမ်းအင်သွင်းရပါမည်။ လူတိုင်းသိကြသည့်အတိုင်း လရောင်ဖြင့် စွမ်းအင်ကို သွင်းယူရပါမည်။ ဒီလိုစွမ်းအင်သွင်းခြင်းကိုတော့ လရောင်ရှိသောမည်သည့်အချိန်မဆို လုပ်ယူနိုင်ပါသည်။ လကြတ်ချိန်နှင့်အခြားနက္ခတ်တာရာဆိုင်ရာ ဖြစ်ရပ်များတွင်လည်း အားသွင်းပါကလည်း ပါဝါများပြည့်နိုင်ပါလိမ့်မည်။ အားသွင်းတဲ့အခါ ကိုယ့်ကကိုင်စရာမလိုတော့ပါဘူး။ ဖန်လုံး (သို့) ဖန်ခွက်ကို လရောင်ရှိသောနေရာပေါ်တွင် တင်ထားပြီး ကိုယ်ကမထိမကိုင်ဘဲ လရောင်တွင်ရှိသောအလင်းဓာတ်များရဲ့စွမ်းအင်များ ၀င်နေပြီလို့ စိတ်ထဲက တွေးနေရပါမည်။ အားသွင်းချိန်မှာ လက်ဖြင့်သွားရောက်ထိကိုင်ခြင်း မပြုလုပ်ပါနှင့်။
သိမ်းဆည်းရမည့်နေရာ
မိမိအသုံးပြုပြီးသည့်အခါ မိမိအသုံးမပြုသေးမီအခါအတွင်းမှာ အပြာရောင် အနက်ရောင်အ၀တ်များဖြင့် ဖုံးအုပ်ထားပြီး သေတ္တာတစ်ခု ဗီရိုတစ်ခုအတွင်းမှာ သိမ်းဆည်းထားပါ။ ပြင်ပတွင်ရှိသော အရောင်စူးစူးများ မ၀င်ပါစေနှင့်။ 55 ဒီဂရီဖာရင်ဟိုက်ရှိသော နေရာများတွင် မသိမ်းဆည်းမိပါစေနှင့်။
လေ့ကျင့်နည်း

ဒီပညာကို လေ့ကျင့်မယ်ဆိုရင် အရင်ဆုံး သန့်ရှင်း စင်ကြယ်ပြီး လေကောင်းလေသန့် ရနိုင်တဲ့ အခန်းတစ်ခန်း လိုအပ်ပါသည်။ အဲဒီ အခန်းဟာ ဆိတ်ငြိမ်နေရပြီးတော့ ပတ်ဝန်းကျင်က ဆူညံနေလို့ မရပါဘူး။ မိမိကို အနှောက်အယှက် ဖြစ်စေမယ့်အရာများ မရှိသည့်နေရာများကို ရွေးချယ်ပါ။ တိတ်ဆိတ် အေးချမ်းသော ပါတ်ဝန်းကျင် ဖြစ်ရပါမည်။ အချိန်ကတော့ ညဘက် (၉)နာရီ နောက်ပိုင်းနဲ့ မနက်စောစော တွေမှာ ကျင့်စေချင်ပါသည်။ ကျန်တဲ့အချိန်တွေမှာ အလင်းဓာတ်ကအရမ်းပြင်းတဲ့အတွက် အာရုံများေ၀၀ါးသွားနိုင်ပါသည်။ ဒါပေမဲ့ အချိန်မှန်မှဖြစ်ပါမည်။ ဒီနေ့ ညဘက် ကိုးနာရီမှာ ကျင့်တယ် ဆိုရင် နောက်တစ်နေ့ မှာလည်း ကိုးနာရီ မှာ ကျင့်ရမယ်။ ဖြစ်နိုင်ရင် အချိန် နေရာ အလင်းဓာတ်ကလည်း အားလုံးတစ်ထပ်တည်း ကျနေရင်ပိုကောင်းပါသည်။ ဒီနေ့ ဟိုအခန်းဝင်လုပ် ဒီနေ့ဒီအခန်းဝင်လုပ် အချိန်တွေကလည်း ဟိုအချိန်လုပ် ဒီအချိန်လုပ်ဆိုရင် အာနိသင်က ရသင့်သလောက် မရနိုင်ဘဲ ဖြစ်သွားပါလိမ့်မည်။ ပထမဆုံးစကြည့်ချိန်ကိုတော့ ဆယ်မိနစ်ထားလိုက်ပါမယ်။ နောက်နေ့ကျမှ ဆယ်ငါးမိနစ် မိနစ်နှစ်ဆယ်ထပ်တိုးပြီး ကြည့်သွားပေါ့။ တစ်နေ့မှာ အများဆုံးနှစ်ခါပဲ ရှိရမည်။ ပိုကြည့်တိုင်းလည်း သင့်အတွက် ကောင်းနိုင်မည်မဟုတ်ပါ။ သတိထားရမှာက အစားများစားသောက်ပြီး တစ်နာရီအတွင်းရယ် နေထိုင်မကောင်းတဲ့အချိန်မှာ ကျင့်လို့ မရပါဘူး။ စားပွဲတစ်လုံးပေါ်ကို အောက်တွင်အ၀တ်နက်ခင်းပြီး အပေါ်မှ ဓာတ်ဖန်လုံးဖြစ်ဖြစ် ဓာတ်ဖန်ခွက်ဖြစ်ဖြစ် တင်လိုက်ပါ။ အနားတွင်လည်း အနက်ရောင်အ၀တ်များ ကာထားရင်လည်း ကာထားလိုက်ပါ။ သတိထားစရာကတော့ ဖန်လုံးအသုံးပြုနေချိန်မှာ အရာအားလုံးက သက်တောင့်သက်သာရှိဖို့ လိုအပ်ပါသည်။ မိမိသည်လည်း သက်တောင့်သက်သာအနေအထားဖြစ်ရပြီး မိမိလေ့ကျင့်မည့်နေရာတွင်လည်း ရှုပ်ပွမနေရပါဘူး။ မိမိမျက်လုံးနှင့်ချင့်သားကိုက်အောင် အကွာအဝေးကို ထားလိုက်ပါ။ 10-14 လက်မအတွင်းအဆင်ပြေနိုင်ပြီး ဒီထက်ဝေးသွားရင်တော့ အဆင်မပြေနိုင်ပါဘူး။ ဖန်လုံးရှေ့မှာ တောက်ပသော မီးရောင် နေရောင်များ မရှိရပါဘူး။ မိမိအနောက်တွင် မီးချောင်းမှိန်မှိန်လေး ထွန်းလိုက ထွန်းနိုင်ပါသည်။ အေးအေး ဆေးဆေး သက်တောင့် သက်သာ ထိုင်ပြီး ဘာမှ မတွေးတော ဘာမှစိတ်မကူးပဲ ဖန်လုံး အတွင်းထဲသို့ သာ စိုက်၍ ကြည့်နေရမည်။ အရမ်း အားစိုက်ပြီး မောပန်းနေအောင် မကြည့်ရဘူး။အဲဒီလို ကြည့်နေတဲ့ အချိန်မှာ သတိ မလစ်တစ်ချက် လစ်တစ်ချက် ဖြစ်လာမည်။ကြည့်နေတဲ့ ဖန်လုံးလည်း တစ်ချက်တစ်ချက် မှိန် မှိန်လာပြီး တစ်ခါ တစ်ခါ ပျောက်အောင်ပျောက်သွားနိုင်ပါသည်။ မိမိရဲ့စိတ်ကို နိုင်နင်းသွားအောင် ပြုလုပ်ရပါမည်။ ဒါမှသာ လိုအပ်သော စိတ်စွမ်းအင်များနှင့် မြင်ကွင်းများလည်း ရှင်းလင်းပြတ်သားလာမှာ ဖြစ်သည်။ နောက်တော့ အိပ်ပျော်တာလည်း မဟုတ် ၊ အိပ်မပျော်တာလည်း မဟုတ်ဘဲ အိပ်မက် မက်နေသလို ဖြစ်လာမည်။ အိပ် ငိုက်လာမယ်။ ထိုအခါ မိမိရှေ့တွင် လေဟာပြင်ပဲ တွေ့ရမည်။ တိမ်တိုက်ကြီးများ လွှင့်မျောနေသည်ကိုလည်း တွေ့မြင်ရမည်။ ထို့နောက် ပျောက်ကွယ် နေသော အရာများ မေ့လျှော့ နေသော အရာများ ၊ မိတ်ဆွေများ ။ အခြားထူးဆန်းသော အရာများကို တွေ့မြင်ရလိမ့်မည်။ အကယ်၍ ဓာတ်ဖန်ခွက်ကို ကြည့်သည်ဆိုရင်တော့ ဖန်ခွက်ထဲကရေတွေဟာ အုန်းရည်တွေလို နောက်လာလိမ့်မယ်။ နောက်တော့ တဖြည်းဖြည်း ပိုပို နောက်လာမယ်။  နောက်တော့ ဖန်ခွက်ထဲကို မီးခိုးတွေ မှုတ်သွင်းထားသလို အလိမ့်လိုက် အလိမ့်လိုက်နဲ့  ဖြစ်လာမည်။ နောက်ဆုံးတော့ ရုပ်ရှင်ကြည့်နေသလို ကိုယ်သိချင်တဲ့အကြောင်းအရာဟာ ပီပီသသ ပြတ်ပြတ်သားသား ပေါ်လာလိမ့်မယ်။ ဓာတ်ဖန်လုံးကို ကြည့်ပြီးနောက်ပိုင်းမှာ ကိုယ်ကြည့်လိုရာကို စိတ်ကူးပြီး  ဖန်လုံးထဲကို စိုက်ကြည့်နေရင်းနဲ့ ကိုယ့် စိတ်ကို သုံးသပ်လိုက်ရင် ဖန်လုံး ကွယ်ပျောက်ပြီးတော့ပဲ ဖြစ်ဖြစ် ၊ ဖန်လုံးထဲမှာ မြင်နေရသလို ဖြစ်စေ ကိုယ် အလိုရှိရာကို တွေ့မြင်နိုင် လေသည်။ ကြည့်တိုင်းမြင်လာလို့ မြင်တိုင်းသဘောကျလာပြီး အချိန်တွေကို ပိုမတိုးသင့်ပါဘူး။ ပုံမှန်ပဲ လေ့ကျင့်သင့်ပါသည်။ ဓာတ်ဖန်ခွက်နဲ့ လေ့ကျင့်တဲ့သူတွေကို နောက်ဆုံးမှာချင်တာကတော့ တစ်နေ့တာကျင့်စဉ် ကျင့်လို့ ပြီးသွားရင် ဖန်ခွက်ထဲက ရေတွေကို သွန်ပစ်လိုက်။ ဖန်ခွက်ကို ရေစင်အောင် သုတ်ပြီး ကိုယ်အိပ်တဲ့ ခေါင်းအုန်းအောက်မှာ ထည့်ပြီးအိပ်ရမယ်။ ကွဲမည်စိုးရိမ်ပါက အနားတွင် အ၀တ်စာအနက်ဖြင့်ထုတ်ပြီး အိပ်ယာဘေးနားတွင် ထားအိပ်ပါ။
တစ်ဖြည်းဖြည်းဖြင့် မိမိကျင့်ကြံသည့်ပါရမီအတိုင်း (သို့) မိမိတို့၏စိတ်စွမ်းအင်ကြောင့် အဆင်ပြေလာပါလိမ့်မည်။ လူတိုင်းကျင့်ကြံနိုင်ပြီး လူတိုင်းတတ်မြောက်နိုင်ပါသည်။ ဒါပေမယ့် တစ်ရာကျင့်ရင်တော့ လူကိုးဆယ်လောက်ကတော့ အောင်ကိုအောင်မြင်ပါသည်။ အဲဒါကြောင့် မအောင်မြင်သော ကျန်ဆယ်ယောက်ထဲမှာတော့ သင်မပါဝင်ပါစေနဲ့။ မိမိဓာတ်ဖန်လုံး ၊ ဓာတ်ဖန်ခွက်ကြည့်တာ အဆင်ပြေလာသောအခါ မိမိသိလိုသော အကြောင်းအရာကို တွေးလိုက်ရုံနဲ့ မိမိရဲ့အာရုံထဲကို ပုံရိပ်များအနေနဲ့ ရောက်ရှိလာပါလိမ့်မည်။ အဲဒီအခါကျရင်တော့ သင်ဟာ အမြင်ပေါက်ပြီး အလိုရှိတိုင်း အဆင်ပြေနိုင်ပါပြီ။

မိုးကြယ်စင်

Thursday, August 29, 2013

မှော်မီးဖြင့် လောင်ကျွမ်းစေချင်ပြီလား?

ဒီအတွက် မစိုးရိမ်ပါနဲ့တော့ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွေဟာ လူသားတွေ ဖြစ်တဲ့အတွက် စိတ်သောကတွေ ဒုက္ခတွေ မကောင်းတဲ့အရာတွေ ဘုမ္မိတွေကို စိတ်ညစ်နေကြပြီလို့ ထင်ပါတယ်။ ကဲ ကျွန်တော်တို့ မှော်နက်ရွာကို လာပြီးတော့ သင့်တို့ရဲ့ သောကတွေ ဒုက္ခတွေကို မှော်မီးထဲကို လာပြီး မီးရှို့လိုက်ပါ။ မှော်မီးထဲကို မီးမရှို့ခင်မှာ စာရေးပါ။ ပြီးတော့ ဘေးနားမှာ burn ကို ကလစ်ပါ။ Burn ကို မကလစ်မိခင်မှာ ရွတ်ဆိုရမည့် မန္တန်တွေ ရှိပါတယ်။


Burn,Burn My Trouble
Over Over Me!
You Not me
You away from me.
You And me is strange.

မှတ်ချက်။ ။ My Trouble နေရာတွင် အခြားအရာများ ထည့်သွင်းရွတ်ဆိုနိုင်သည်။

 မြန်မာလို ရွတ်ဆိုချင်တယ်ဆိုရင်တော့

ငါ့ဒုက္ခ(အခြား)တွေ လောင်ကျွမ်းလိုက်စမ်းပါ
အစွမ်းကုန်လောင်ကျွမ်းလိုက်စမ်းပါ။
ငါ့အပေါ်ကနေ ကျော်ကြီးထွက်သွားစမ်းပါ။
မင်းဟာငါ့နဲ့ မဆိုင်တော့ဘူး။ငါ့ဆီမှ မင်းထွက်သွားပါ
မင်းနဲ့ငါ့နဲ့ သူစိမ်းတွေသာ ဖြစ်တယ်။
ငါ့ဆီမှ မင်းထွက်သွားပါ
မင်းနဲ့ငါ့နဲ့ သူစိမ်းတွေသာ ဖြစ်တယ်။

အမွှေးနံ့သာနှင့်မှော်ပညာဆက်စပ်မှု(၁)

ရေမွှေး ၊ အမွှေးနံ့သာများကို အစောပိုင်းကာလ လောကီအစီအရင်များမှာ အများအပြား သုံးစွဲကြတာကို သိရှိပြီး ဖြစ်ပါလိမ့်မည်။ တားရော့အစောင့်အရှောက်များကို ရေမွှေးဖြင့် ပက်ဖျန်းပူဇော်တာလည်း အပါအ၀င်ဖြစ်ပါတယ်။ အဲဒါကြောင့် ရေမွှေး ၊ အမွှေးနံ့သာ ၊ ဆီမွှေး ၊ အမွှေးတိုင်စသဖြင့်တို့သည် မှော်ပညာဖြင့် တစ်နည်းမဟုတ် တစ်နည်းဖြင့် ဆက်စပ်လျက် ရှိပါတယ်။ ဒီလို ဆက်စပ်မှုဟာ အီဂျစ်နိုင်ငံကို မှော်ပညာစရောက်တဲ့ အချိန်ကပင် ဖြစ်ပါတယ်။ (အီဂျစ်နိုင်ငံကို အဦးဆုံး အတ္တလန်တစ်တိုက်ကြီး ပျက်သုဉ်းပြီး ဦးစွာ မှော်ပညာထွန်းကားခဲ့ရာ နေရာဖြစ်ပါသည်။)ထိုမှတစ်ဆင့် မှော်အစီအရင်များ လောကီပညာအစီအရင်များ အခမ်းအနားတို့တွင် အမွှေးနံ့သာများ ထွန်းကားလာခြင်းပင် ဖြစ်ပေသည်။ ယနေ့ခေတ်အချိန်တွင် လူတိုင်းလိုလို ရေမွှေး ၊ အမွှေးနံ့သာများကို မြတ်မြတ်နိုးနိုး ဆွတ်လာကြသည်။ ရေမွှေးဆွတ်ယဉ်ကျေးမှုတောင် ခေါ်ဆိုရမလိုပင် ဖြစ်နေသည်။ ရေမွှေးများသည် 3000 4000 လောက်မှ သိန်းကျော်သည်အထိ ဈေးနှုန်းသည် မြင့်မားလျက်ရှိပေသည်။ အမွှေးနံ့သာဟူသည်မှာ အာရုံငါးပါးတွင် တစ်ပါးအပါအ၀င်ဖြစ်ပြီး ဆွဲငင်ညှိ့ယူနိုင်သော အကျိုးရရှိပြီး သူတစ်ပါး၏စိတ်ဓာတ်အား ထိခိုက်စေနိုင်သော အစွမ်းရှိသည်။ ကျွန်တော်တို့ အစီအရင်များတွင် ရေမွှေးကို ထည့်သွင်းသုံးစွဲခြင်းသည် မိမိတို့မလိုလားအပ်သော အရာများကို တားဆီးနိုင်ပြီး မိမိလိုအပ်သောအရာများကို ပေါ်ပေါက်လာစေနိုင်သည်ဟု ယုံကြည်ကြသည်။
ရေမွှေးတို့သည် တုန်ခါမှုကို ပြုလုပ်ပေးနိုင်ပေသည်။ ထိုတုန်ခါမှုကြောင့် ရေမွှေးဆွတ်ထားသူ၏ကိုယ်ရောင်ကိုယ်ဝါကို ဖြတ်သန်း၍ သူ့အနီးသို့ ကပ်လာသောအခြားသူတစ်ဦးဦး၏ ကိုယ်ရောင်ကိုယ်ဝါအထဲသို့ စီးဝင်ပျံ့သွားလေသည်။ ကျွန်တော်တို့မှာ ရှိနေသော ကိုယ်ရောင်ကိုယ်ဝါများသည် တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ချေ။ အချို့လူများတွင် ကိုယ်ရောင်ကိုယ်ဝါ မတောက်ဘဲ အချို့လူများတွင် ထူကဲ၍ လှပသော ကိုယ်ရောင်ကိုယ်ဝါရှိသည်။ ရေမွှေး၏အစွမ်းသည် ကျဲပါးသော ကိုယ်ရောင်ကိုယ်ဝါက၏ထုထည်နှင့် အကျိုးသက်ရောက်မှုနယ်ပယ်ကို ချဲ့ကားပေးနိုင်သည်။ ထို့ကြောင့် ရေမွှေးဆွတ်ထားသူ၏အတွေးများနှင့်ခံစားမှုများကို တစ်ဖက်လူလက်သင့်ခံမိနိုင်ရန် ပို၍ လွယ်ကူလာသည်။ ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာ နေထိုင်ရန်အတွက် ရေမွှေးများကို သုံးစွဲသင့်ပေသည်။ ထို့သို့ ကိုယ်ရောင်ကိုယ်ဝါ အားကောင်းစေရန် သီးသန့်ဖော်စပ်ထားသည့် ရေမွှေးများအား သုံးစွဲခြင်းဖြင့် ပိုမိုဆွဲဆောင်နိုင်ပြီး မလိုသူများလည်း အနားသို့ ကပ်နိုင်မည် မဟုတ်ပါ။ အချို့သော ရေမွှေးများသည် ကံကောင်းစေတတ်သည်။ သို့သော တစ်ပါးသူကို ပြောင်းပြန်သက်ရောက်မှုကို ဖြစ်စေတတ်သည်။
(၁) ပန်းတမာ၊ တမာခါး(သို့)နီလာပင်လို့ ခေါ်ဆိုသည့် အပင်တစ်မျိုး(Lilac)သည် ငွေရစေသော ကံကောင်းခြင်းကို ပေးသည်။
(၂) စန္ဒကူးနံ့သာ(Sandlewood)မှာ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်စေတတ်သော သဘောရှိသည်။
(၃) လာဗင်ဒါ( Lavender) အနဲ့မှာ နိုးကြားစေတတ်ပြီး
(၄) ဆောင်တော်ကူးပန်း(Verbena) အနံ့မှာ စကားကို ရေလွှတ် တတွတ်တွတ် ပြောစေတတ်သည်။
ကဲ သိပ်များသွားမှာစိုးလို့ အပိုင်းနှစ်ကို စောင့်လိုက်ပါအုန်းနော်။

မင်းခ(ခ)Mr.Kamawna
အဘရာဘာရာဘရာ

Tuesday, August 27, 2013

မြန်မာ့ရိုးရာ ဖုတ်သွင်းနည်းနဲ့ ဖုတ်နုတ်နည်း

ဒီနေ့တော့ မြန်မာ့ရိုးရာ ဖုတ်သွင်းနည်းနဲ့ ဖုတ်နုတ်နည်းလေး ပြောပြမယ်နော်...။

ဖုတ်သွင်းနည်း

-ဥုံ တွင်းပေါ်မနေ တွင်းထဲနေ၏။ အဆွေမယ်လျှ မြေဘုတ်ဖိုနှင့် မြေဘုတ်မ ချဉ်းဆရာချဉ်း ကပ်ဆရာကပ်။
        
         ဒီ မန္တန်နှင့် အသေဟူသမျှ လက်ဖြောက်တီး၍ ခုနှစ်အုတ်ရွတ် ဖုတ်သွင်းလေ။

ဖုတ်နုတ်နည်း

-ဥုံ သိဒ္ဓိပလင်း သူမစင်တိုက် ၊ ဥုံ ဗုဒ္ဓံထွက် ဓမ္မံထွက် သံဃံထွက် မြတ်စွာဘုရား အာဏာတော်တည်း။ သွားလေ လျင်လျင်သွား ထွက်လေ လျင်လျင်ထွက်။

         ဒီမန္တန်ဖြင့် တံစက်လက်ပြန်ရေကို (၃၇)အုတ် မန်း၍ ပက်လေ။ ဖုတ်နုတ်ထွက်သည်။

*****စမ်းသပ်ကြည့်လို့ တစ်ခုခုဖြစ်ရင် တာဝန်မယူဘူးနော်******

မင်းခ

မှော်ပညာအကြောင်း တစ်စေ့တစ်စောင်း(၄)

ကမ္ဘာပေါ်တွင် မှော်ပညာဆိုင်ရာတက္ကသိုလ်များ ပေါ်ပေါက်ခဲ့ပေသည်။ (ဟိမ၀န္ဒာ၊ အီဂျစ်မှ ပိရမစ်ကြီးများ ၊ မက်ဆီကို စသဖြင့်) မှော်ဟူသော စကားလုံး၏အဓိပ္ပာယ်သည် စုန်းကဝေများဖြင့် သက်ဆိုင်သည်ဟူ လူအများစုက သတ်မှတ်ထားကြသည်။ ဤစကားလုံးသည် စုန်းကဝေများဖြင့် သက်ဆိုင်သည်ဆိုတာ မှန်သော်လည်း လူပေါင်းများစွာဖြင့်လည်း သက်ဆိုင်ပေသည်။ လူတိုင်း လူတိုင်းဟာ စုန်းကဝေမဟုတ်သဖြင့် မိမိကိုယ်တွင်းတွင် ရှိသော သဘာဝစွမ်းအင်များကို မသိရှိခြင်း ဖြစ်သည်။ လူတိုင်း စုန်းကဝေဖြစ်နိုင်သည်။ လူတိုင်း မှော်ပညာရှင် ဖြစ်ခွင့်ရှိသည်။ သို့သော် မှော်ပညာရပ်ကို လေ့လာသောအခါတွင် အချို့ပညာရပ်များသည် တစ်ဘ၀ဖြင့် ဆုံးခန်းတိုင် လေ့လာမှုမပြီးဆုံးဘဲ ဘ၀များစွာ ဆက်လက်ဖြည့်စွမ်းရပေသည်။ (စုန်းကဝေနှင့်မှော်ပညာရှင်များမှာလည်း ပါရမီရှိပါတယ်။ ပါရမီမရှိရင် ကျင့်ယူရပါမည်။) အခုလက်ရှိ ကမ္ဘာတွင် မှော်ပညာရပ်များစွာ ထွန်းကားခဲ့သည်။ (ဥပမာ-လိပ်ပြာလွှင့်နည်း ၊ အရုပ်အသက်သွင်းနည်း ၊ ဖုတ်သွင်းနည်း ၊ အသွင်းပြောင်းနည်း ၊ ဆေးဝါးဖော်စပ်နည်း စသဖြင့်)
အဲဒါကြောင့်မို့ ၀မ်းတွင်းစုန်းဟူသည် ယခင်ကာလများစွာက လေ့လောဆည်းပူးထားသော ပညာရပ်များသည် ယခုဘ၀တွင် လာရောက်၍ စွမ်းအင်ပြည့်ဝခြင်း ဖြစ်ပေသည်။ အခုလက်ရှိ မှော်ပညာရပ်များသည် ကွဲပြားနေသော ပညာရပ်များဖြစ်သည်။ အတ္တလန်တစ်တိုက်ကြီး သမုဒ္ဓရာအောက်သို့ နစ်မြုပ်မသွားမီ အတ္တလန်တစ်ယဉ်ကျေးမှု ထွန်းကားစဉ်က ဂမ္ဘီရမှော်ပညာရပ်များ ပေါ်ထွန်းခဲ့ပြီး ဖြစ်သည်။ အတ္တလန်တစ်မျိုးနွယ်ကြီးသည် လူ့သမိုင်းတွင် ပထမဆုံးသော လူ့ယဉ်ကျေးမှုကြီး ပေါ်ထွက်ရာနေရာဖြစ်သည်။

အတ္တလန်တစ်မျိုးနွယ်ကြီးတွင် မျိုးနွယ်(၇)မျိုး ပါဝင်သည်။ (ဒါက ဗဟုသုတအနေနဲ့ ပြောတာနော်)

(၁) မိုဟာ
(၂)လေဗတ်တီ
(၃)တောလ်တက်
(၄)ကာရေနီယံ
(၅)ဆီးမိုက်
(၆)အာကာဒီယံ
(၇)မွန်ဂိုလိယံ

အမှတ် ၁၊၂၊၃ တို့၏အသားရောင်မှာ နီ၊ ညိုရောင် ဖြစ်သည်။
အမှတ် ၄၊၇ မှာ အ၀ါရောင်ဖြစ်သည်။
အမှတ် ၅၊၆ မှာ အဖြူရောင်ဖြစ်သည်။
ဆက်ပြောမယ်ဆိုရင် လူသားဖြစ်တည်ရေး အကြောင်း ရောက်သွားအုန်းမယ်။ အဲ ဆက်ပြောမယ်ဆိုရင် မာယာလူမျိုးတွေ စသဖြင့် မှော်အကြောင်းတွေ ရောက်သွားမှာပါ။

အတ္တလန်တစ်တိုက်ကြီးရဲ့ ပျောက်ဆုံးသွားရခြင်းမှာ မှော်ပညာရှင်အများအပြားမှာ လမ်းမှန်ကို မလျှောက်လှမ်းဘဲ လက်ဝဲလမ်းခေါ် အောက်လမ်းပညာများကို ဦးတည်သွားလေသည်။ အခုလက်ရှိ အောက်လမ်းပညာများသည် အတ္တလန်တိယံခေတ်မှ အခြေပြုထားခြင်း ဖြစ်ပေသည်။ အတ္တလန်တစ်တိုက်ကြီးတစ်ခုလုံးတွင် ကိုယ်ကျိုးရှာ အောက်လမ်းပညာများ ခေတ်စားလာခဲ့ရာ မကောင်းမှုပြုလျှင် မကောင်းကျိုးခံစားရမည်ဟူသော လောကနိယာမတရားအရဘဲ အတ္တလန်တစ်တိုက်ကြီး သမုဒ္ဓရာအတွင်းသို့ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

မက်ဆီကို ၊ အိန္ဒိယ ၊ အီဂျစ် ၊ ဟိမ၀န္ဒာသည် မှော်ပညာရပ်များ၏ပင်မ ဖြစ်ပေသည်။ ဒါကြောင့် အောက်လမ်းမှော်ပညာလေ့လာခြင်းသည် ဘီစီ(၅)သောင်းခန့်မှစ၍ လေ့လာရန် လိုအပ်ပေသည်။ မှော်ပညာရှင်တိုင်း စုန်းမဟုတ်သလို စုန်းတိုင်း မှော်ပညာရှင် မဟုတ်ပေ။

မှော်ပညာပြန့်ပွားလာပုံ အကျဉ်းချုပ်ပြီးပြီ။

မင်းခ(ခ)Mr.Kamawna
အဘရာဘာရာဘရာ

မင်းပေါင်းစုနည်း

လောကီကျမ်းတွေထဲမှာ မင်းပေါင်း၊ ပန်းပေါင်း ၊ ဂမုန်းပေါင်း စသဖြင့် တွေ့ရတတ်ပါတယ်။ မင်းပေါင်းဆိုတာ ဘယ်လိုလဲဆိုတာ ရှေးဆရာကြီးများမှ လွဲရင် သိသူနည်းနေပါတယ်။ အဲဒါကြောင့်

မင်းပေါင်းစုနည်း

ဗြဟ္မာမင်း ၊ သိကြားမင်း ၊ မသေမင်း ၊ မနာမင်း ၊ မဖျားမင်း ၊ မအိုမင်း ၊ လမင်း ၊ နေမင်း ၊ ကြောင်မင်း ၊ ကျားမင်း မင်းဆယ်ပါးအားလုံးသည် မင်းပေါင်းဖြစ်သည်။
ဟုတ်ပြီ အဲဒါတွေက ဘာလဲဆိုတာ ရှင်းပြမယ်။
(၁)ဗြဟ္မာမင်း----------တောနနွင်းဥ
(၂)သိကြားမင်း--------ဆေးတလုံးဥ
(၃)မသေမင်း----------ဆင်သမနွယ်
(၄)မနာမင်း------------အုန်းနဲပင်
(၅)မဖျားမင်း-----------ငရွှေပင်
(၆)မအိုမင်း-------------သပွတ်ပင်
(၇)လမင်း-------------ပတဲဂေါ
(၈)နေမင်း------------လင်းလေ
(၉)ကြောင်မင်း--------ကြောင်လျှာကြီး
(၁၀) ကျားမင်း--------နလျှာကြီး

ထိုဆယ်မင်းကို ပေါင်းစုပြီး နောက်ထပ်လောင်းရသော ဆေးရှိသေးတယ်။

တနင်္ဂနွေနေ့မှာ အုန်းပင်၌ မင်းမူသည်။ အုန်းမြစ်ကိုယူ။
တနင်္လာနေ့မှာ မန်ကျည်းပင်၌ မင်းမူသည်။ မန်ကျည်းမြစ်ကိုယူ။
အင်္ဂါနေ့မှာ ဆီးပင်၌ မင်းမူသည်။ ဆီးမြစ်ကိုယူ။
ဗုဒ္ဓဟူးနေ့မှာ ၀ါးပင်၌ မင်းမူသည်။ ၀ါးမြစ်ကိုယူ။
ကြာသပတေးနေ့မှာ ဖလံပင်၌ မင်းမူသည်။ ဖလံမြစ်ကိုယူ။
သောကြာနေ့မှာ သီးပင်၌ မင်းမူသည်။ သီးမြစ်ကိုယူ။
စနေနေ့မှာ ထိန်ပင်၌ မင်းမူသည်။ ထိန်မြစ်ကိုယူ။

ဒီဆေးမြစ်တွေကို စုပေါင်း၍ ကြိတ်သော မင်းပေါင်းဖြစ်သည်။
မသိလျှင် ကွန်မန့်ရေးခဲ့ပါ။ အပင်အကြောင်းကိုတော့ ကိုယ့်ဘာသာကိုယ်ရှာပေါ့။

မင်းခ

ကျိန်စာအကြောင်း အနည်းအကျဉ်း

ကျိန်စာဆိုတာမျိုးက သူတစ်ပါးကို မျက်ရည်ကျအောင်(မျက်ရည်သုံးစက်ကျအောင် လုပ်ခဲ့တယ်ဆိုရင်) တိုက်တတ်ပါတယ်။ ကိုယ့်ဘက်ကနေ မကျအောင် နေထိုင်ရပါလိမ့်မယ်။ အနောက်တိုင်းမက်ဂျစ်မှာ တွေ့ရတာတော့ ကျိန်စာကို ကာကွယ်ဖို့အတွက် အကာအကွယ်မန္တာန်ကို ရွတ်ဆိုကြပါတယ်။ ဒါက အနောက်တိုင်းဘက်က အတွေး ကျွန်တော်တို့ အရှေ့တိုင်းဘက်ကနေ ပြန်တွေးရင် ကျိန်စာတိုက်ရင် ၀ဋ်လည်တတ်တာကိုတော့ အချို့အောက်လမ်းကျမ်းတွေမှာရော အောက်လမ်းဆရာတွေနဲ့ ဆွေးနွေးကြည့်တဲ့အခါမှာတော့ သူတို့ကတော့ ၀ဋ်လည်တတ်တယ်လို့ ပြောပါတယ်။ သူတို့က ကျိန်စာမတိုက်ခင်(စုန်း၊ကဝေ) မိမိတို့ဘယ်နှစ်ဘ၀ အထိဝဋ်ခံပါမယ်။ သူက ကိုယ့်ကို နာကျင်အောင် လုပ်ပါတယ်ဆိုပြီး ကျိန်စာတိုက်တယ်။ အောက်လမ်းပညာနှင့်သတ်တယ်ပေါ့လေ။ ဒါပေမယ့် ဆာဒူးကြီးတွေရဲ့ ကျိန်စာကိုတော့ ကြားဘူးကြမှာပါ။ တော်တော်များများမှာ ပါပါတယ်။ သူတို့ရဲ့ ကျိန်စာကို ပြယ်ဖို့အတွက်ကတော့ ကျွန်တော်လေ့လာစရာ စာအုပ်တွေ ရှာမတွေ့ဘူး။ ဒါပေမယ့် ကျိန်စာပြယ်အောင်လုပ်နိုင်တာကတော့ သူတို့ကိုယ်တိုင်ပါပဲ။ အောက်လမ်းဆိုရင်တော့ အထက်လမ်းအချို့က နိုင်နင်းတော့ ကျိန်စာပေါက်အောင် လုပ်လို့ရတယ်လေ။ အီဂျစ်နိုင်ငံ ပိရမစ်မှာတော့ ကျိန်စာကို ပြယ်အောင် လုပ်လို့မရဘူးဗျာ။ ကမ္ဘာမှာတော့ ကျိန်စာနှင့်ပတ်သက်တဲ့ အကြောင်းအရာတွေ မျိုးစုံတော့ ရှိပါတယ်။ ဒါကြောင့် ကုသိုလ်ကောင်းမှုတွေ များများလုပ်ပေးပါ။

 မင်းခ(ခ)Mr.Kamawna
အဘရာဘာရာဘရာ