မှော်ပညာအကြောင်း တစ်စေ့တစ်စောင်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ယခုဆိုရင်
ရောက်ချင်တာရောက်မယ့် မှော်ဇာတ်လမ်းကြီးပဲ ဖြစ်တော့မှာလားဆိုတာတော့
ဖတ်ကြည့်မှပဲ ရှင်းလင်းချက်ပေးပါတော့။ သဘာဝတရားဆီမှ စွမ်းအင်တွေ ရှိတယ်လို့
ဆိုပြီးတော့ အပိုင်းတစ်မှာ ဖော်ပြပေးခဲ့ပါတယ်။ ဟုတ်ပြီ မှော်ပညာတွေထဲမှာ
ဘာတွေ ပါဝင်သလဲ။ မှော်ပညာထဲမှာ အသက်ရှည်အောင်လုပ်တဲ့ မှော်အတတ်၊
အရုပ်တွေအသက်သွင်းတဲ့ မှော်အတတ် ၊ ခန္ဓာကိုယ်ကြံ့ခံစေသော မှော်အတတ် ၊
နာနာဘာဝ စုန်းအတတ် ၊ လျန်မြန်သော အဟုန်ုဖြင့် သွားနိုင်သော အတတ် စသဖြင့်
ကျယ်ပြန့်ပါတယ်။ ပထမအပိုင်းမှာ ပြောခဲ့တဲ့ အပိုင်းအစလေးကို မှော်ပညာကို
အသုံးပြုပြီး ပြိုင်ဆိုင်မှုတွေ မှော်ပညာနှင့်သတ်တာတွေ အကြောင်း
ပြောပြပေးမယ်။ အချို့လူတွေမှာ စွမ်းအင်တွေ ရှိတယ်။ အလွယ်ပြောရရင်
သိဒ္ဓိတန်ခိုးတွေပေါ့။ အဲဒီလို တန်ခိုးရှိတဲ့ လူတွေက မထင်မရှားနေတတ်ကြတယ်။
အဲဒါကြောင့်လည်း ကျွန်တော်တို့ မြန်မာပြည်မှာ မြေလျှောက်ဝိဇ္ဇာဆိုတာမျိုးတွေ
ပေါ်ပေါက်လာခဲ့တာပဲ။ မြေလျှောက်ဝိဇ္ဇာတွေက လောကကို
ကောင်းကျိုးပြုလုပ်ဖို့အတွက် အရူးအဖြစ် ဟန်ဆောင်ပြီး ကုသိုလ်ကောင်းမှု
ပြုလုပ်သူတွေကို ရှာဖွေပါတယ်။ ပြီးတော့ ကောင်းရာလုပ်ဖို့အတွက် အကြံပေးတယ်။
သိဒ္ဓိတွေ ပေးတယ်။ သူတို့တွေကို ရိုင်းပျပျဆက်ဆံတာတွေ ဆဲဆိုတာတွေရှိမယ်။
အဲဒီအခါမှာ ဆဲဆိုတဲ့သူတွေက တဖြည်းဖြည်းနဲ့ ပိန်ချိနဲလာမယ်။ ရောဂါတွေ
ဖြစ်မယ်။ သေမယ်။ အဲဒါက သူလုပ်တာမဟုတ်ပါဘူး။ လူက မလုပ်ပါဘူး။ အဲဒီလူဆီမှာ
ရှိတဲ့ စွမ်းအင်တွေက အပြင်ထွက်ကျလာတယ်။ သူတို့ဆီကို ရောက်သွားတယ်။
ရောက်သွားတဲ့ စွမ်းအင်က သူကမကောင်းပြောတဲ့အတွက် ဆိုးကျိုးတွေ
ဖြစ်တာဖြစ်တယ်။ ရွာအပြင်မှာ တစ်ယောက်တည်း အရုပ်ဆိုးဆိုး အဘွားကြီးက
စုန်းမကြီးတဲ့။ စသဖြင့် အချို့ရွာတွေမှာ ကြားနေရတယ်။ အရုပ်ဆိုးတိုင်း
စုန်းမမဟုတ်သလို ရုပ်ချောတိုင်းလည်း လူသားမဟုတ်ပါဘူး။ အဲဒီအဘွားကြီးတွေက
တစ်ခုခုပြောလိုက်ရင် ချက်ချင်း ဓာတ်ပြတာမျိုးက သူဟာ စုန်းပညာတတ်နေလို့
မဟုတ်ဘူး။ တတ်ချင်လည်း တတ်မှာပေါ့။ တော်တော်များများက မတတ်ကြပါဘူး။
အဲဒီအဘွားကြီးကို စကားသွားမပြောနဲ့ သူကျိန်ဆဲလိုက်ရင် နင်သေလိမ့်မယ်
စသဖြင့်ပေါ့လေ။ ထားပါတော့။ သူတို့ဟာ စုန်းပညာမတတ်ဘူးဆိုရင် သူပြောတိုင်း
ဘာလို့ဖြစ်နေတာလဲ ဆိုတဲ့မေးခွန်းကို မေးချင်ကြလိမ့်မယ်လို့ ထင်ပါတယ်။
သူတို့ဟာ တစ်ယောက်တည်း နေတဲ့အတွက် တိတ်ဆိတ်မှုတွေရှိတယ်။ အဲဒါက
စိတ်ငြိမ်စေတယ်။ ကြောက်လန့်မှုကို လျှော့ကျစေတယ်။ အဲဒီအခါမှာ သူ့ဆီမှာ
သမာဓိစွမ်းအားတွေ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်တည်းနေလားတဲ့အတွက်
ကြောင့်ပဲ ဖြစ်ပါတယ်။ အနောက်တိုင်းမှာတော့ ဘယ်လိုဖော်ပြထားသလဲဆိုရင်
မိန်းမများမှာ အထီးကျန်ဆန်လာတဲ့အခါ လိုအပ်တာကို ဆုတောင်းလေ့ရှိတယ်။
အဲဒီအခါမှာ စေတန်နတ်ဆိုးက သူတို့ကို သူ့စွမ်းအားတွေ ပေးအပ်ပြီးတော့
သူတို့ကို မကောင်းမှုလုပ်ခိုင်းတယ်။ အဲဒါကတော့ စုန်းကဝေမှော်မျိုးဆက်က
ဆင်းသက်လာတဲ့ မှော်ပညာ စုန်းပညာမဟုတ်တဲ့အတွက် သူတို့ဟာ မှော်ပညာ
စုန်းပညာကို အလွန်အကျွံသုံးစွဲကြတယ်။ အဲဒီအခါမှာ လူတွေဟာ သူ့ကို
သိမြင်လာပြီး မီးရှို့သတ်ဖြတ်ကြတယ်။ ဒါပေမယ့် လူတွေတွေးထားတာတော့ သူ့တို့ကို
မီးရှို့သတ်ဖြတ်တာဟာ သူတို့သေသွားပြီး ထင်ကြတယ်။ ဒါပေမယ့် မှော်ပညာအဆင့်ကို
တော်တော်ရောက်နေသူတွေဟာ သူတို့ရဲ့အသားတွေက မီးမလောင်ပါဘူး။ ဒါပေမယ့်
သူတို့က မီးလောင်တဲ့အခါ ယားကျိကျိ အရသာကို ခံစားချင်လို့
မီးလောင်ချင်ဟန်ဆောင်ကြတယ်။ 14 ရာစုက မှော်ဆရာကြီးတစ်ယောက်ဟာ
မီးလောင်တဲ့အရသာကို ခံစားချင်လို့ အကြိမ်ကြိမ်အဖမ်းခံပြီး
မီးလောင်စေခဲ့တယ်။ ဒီနေ့ကတော့ ဒီလောက်ပဲနော်။ အပိုင်း(၃)ကိုလည်း
ဖတ်ရှုပါအုန်းလို့ ပြောပြချင်ပါတယ်။ သေမင်းနီအကြောင်းကို ဖော်ပြပေးဖို့အတွက်
အချက်အလက်တွေ ရှာဖွေနေပါကြောင်း အသိပေးအပ်ပါတယ်။
မင်းခ(ခ)Mr.Kamawna
အဘရာဘာရာဘရာ
မင်းခ(ခ)Mr.Kamawna
အဘရာဘာရာဘရာ
No comments:
Post a Comment