အင်းကန်းခြင်း ၇-ပါး။ ။ အင်းကွက်ထဲ၌ အင်းဆန်သွင်းသောအခါ အောက်ပါအပြစ်
၇-ပါးကြောင့် အကျိုခံစားခွင့်တန်ခိုးအာနိသင်မရှိ၊ အင်းသည်
သူကန်းသဖွယ်ဖြစ်သွားသည်ဟူ၏၊
(၁) နက္ခတ် မမှန်ခြင်း၊
(၂) အင်းဆန်ဂဏန်းအက္ခရာ မမှန်ခြင်း၊
(၃) အင်းသွား အလှည့် မမှန်ခြင်း၊
(၄) အက္ခရာဂဏန်း မညီမတန်းခြင်း၊
(၅) ကိုယ်ဝန်ဆောင်မသန့်ရှင်းသူတို့ ကိုင်ခြင်း၊
(၆) အင်းချသူ၏ကိုယ်လက် မသန့် ညစ်ပတ်ခြင်း၊
(၇) ဂါထာဗန္ဓ မမှန်ခြင်း။
အင်းကျိုးခြင်း ၇-ပါး။ ။ အင်းချစဉ် အပြစ် ၇-ပါးကြောင့် အင်းကျိုးပျက်သွားသည်ဟူ၏၊
(၁) လူနေရာရွှေ့ခြင်း၊ ဣရိယာပုထ်ပြောင်းလဲခြင်း၊
(၂) စကားပြောခြင်း၊ တေးသီလေချွန်ခြင်း၊
(၃) လူးလည်း၍စီစဉ်ခြင်း၊
(၄) စီရင်မပြီးမီ ထ၍သွားခြင်း၊
(၅) အင်းအုံပြတ်ခြင်း၊
(၆) စတုရန်း ၄-မျက်နှာမျဉ်းမသားမီ အတွင်းမျဉ်းများကိုသားခြင်း၊
(၇) အင်းပေါင်ရွှေ့ခြင်း။
အင်းပေါက်ခြင်း ၇-ပါး။ ။ ပေါက်ထွက်နေသောအင်းကား တန်ခိုးမရှိဟူ၏၊
(၁) အင်းပေါင်ချင်းမထိစပ်ခြင်း၊
(၂) အင်းပေါင်အင်းကွက်ကို မျဉ်းဖေါက်ထွက်နေခြင်း၊
(၃) အင်းချမမှန်ခြင်း၊
(၄) အင်းပေါင်နှင့် အင်းဆန်ထိစပ်နေခြင်း၊
(၅) ဂဏန်းထောင့်မကိုက်ခြင်း၊
(၆) အက္ခရာမပီသ မမှန်ခြင်း၊
(၇) အင်းကွက်ချမညီခြင်း။
မှတ်ချက်။ ။ အင်းကွက်ကို ၀က်ခေါင်းထိုးလျှင်ကိုက်နေရမည်ဟူ၏။
အင်းကျိုးခြင်း ၇ပါး၊ အင်းကန်းခြင်း ၇ပါး၊ အင်းပေါက်ခြင်း ၇ပါး စသောအားဖြင့် မအောင်မြင်ခြင်း ပျက်စီးခြင်း အင်္ဂါရပ် ၂၁ပါး ရှိလေသည်။
No comments:
Post a Comment