ကျိန်စာဆိုတာမျိုးက သူတစ်ပါးကို မျက်ရည်ကျအောင်(မျက်ရည်သုံးစက်ကျအောင်
လုပ်ခဲ့တယ်ဆိုရင်) တိုက်တတ်ပါတယ်။ ကိုယ့်ဘက်ကနေ မကျအောင်
နေထိုင်ရပါလိမ့်မယ်။ အနောက်တိုင်းမက်ဂျစ်မှာ တွေ့ရတာတော့ ကျိန်စာကို
ကာကွယ်ဖို့အတွက် အကာအကွယ်မန္တာန်ကို ရွတ်ဆိုကြပါတယ်။ ဒါက အနောက်တိုင်းဘက်က
အတွေး ကျွန်တော်တို့ အရှေ့တိုင်းဘက်ကနေ ပြန်တွေးရင် ကျိန်စာတိုက်ရင်
ဝဋ်လည်တတ်တာကိုတော့ အချို့အောက်လမ်းကျမ်းတွေမှာရော အောက်လမ်းဆရာတွေနဲ့
ဆွေးနွေးကြည့်တဲ့အခါမှာတော့ သူတို့ကတော့ ၀ဋ်လည်တတ်တယ်လို့ ပြောပါတယ်။
သူတို့က ကျိန်စာမတိုက်ခင်(စုန်း၊ကဝေ) မိမိတို့ဘယ်နှစ်ဘ၀ အထိဝဋ်ခံပါမယ်။ သူက
ကိုယ့်ကို နာကျင်အောင် လုပ်ပါတယ်ဆိုပြီး ကျိန်စာတိုက်တယ်။
အောက်လမ်းပညာနှင့်သတ်တယ်ပေါ့လေ။
ဒါပေမယ့် ဆာဒူးကြီးတွေရဲ့ ကျိန်စာကိုတော့ ကြားဘူးကြမှာပါ။
တော်တော်များများမှာ ပါပါတယ်။ သူတို့ရဲ့ ကျိန်စာကို ပြယ်ဖို့အတွက်ကတော့
ကျွန်တော်လေ့လာစရာ စာအုပ်တွေ ရှာမတွေ့ဘူး။ ဒါပေမယ့်
ကျိန်စာပြယ်အောင်လုပ်နိုင်တာကတော့
သူတို့ကိုယ်တိုင်ပါပဲ။ အောက်လမ်းဆိုရင်တော့ အထက်လမ်းအချို့က နိုင်နင်းတော့
ကျိန်စာပေါက်အောင် လုပ်လို့ရတယ်လေ။ အီဂျစ်နိုင်ငံ ပိရမစ်မှာတော့
ကျိန်စာကို ပြယ်အောင် လုပ်လို့မရဘူးဗျာ။ ကမ္ဘာမှာတော့ ကျိန်စာနှင့်ပတ်သက်တဲ့
အကြောင်းအရာတွေ မျိုးစုံတော့ ရှိပါတယ်။ ဒါကြောင့် ကုသိုလ်ကောင်းမှုတွေ
များများလုပ်ပေးပါ။
မင်းခ(ခ)Mr.Kamawna
အဘရာဘာရာဘရာ
အဘရာဘာရာဘရာ
No comments:
Post a Comment