Thursday, August 29, 2013

အမွှေးနံ့သာနှင့်မှော်ပညာဆက်စပ်မှု(၁)

ရေမွှေး ၊ အမွှေးနံ့သာများကို အစောပိုင်းကာလ လောကီအစီအရင်များမှာ အများအပြား သုံးစွဲကြတာကို သိရှိပြီး ဖြစ်ပါလိမ့်မည်။ တားရော့အစောင့်အရှောက်များကို ရေမွှေးဖြင့် ပက်ဖျန်းပူဇော်တာလည်း အပါအ၀င်ဖြစ်ပါတယ်။ အဲဒါကြောင့် ရေမွှေး ၊ အမွှေးနံ့သာ ၊ ဆီမွှေး ၊ အမွှေးတိုင်စသဖြင့်တို့သည် မှော်ပညာဖြင့် တစ်နည်းမဟုတ် တစ်နည်းဖြင့် ဆက်စပ်လျက် ရှိပါတယ်။ ဒီလို ဆက်စပ်မှုဟာ အီဂျစ်နိုင်ငံကို မှော်ပညာစရောက်တဲ့ အချိန်ကပင် ဖြစ်ပါတယ်။ (အီဂျစ်နိုင်ငံကို အဦးဆုံး အတ္တလန်တစ်တိုက်ကြီး ပျက်သုဉ်းပြီး ဦးစွာ မှော်ပညာထွန်းကားခဲ့ရာ နေရာဖြစ်ပါသည်။)ထိုမှတစ်ဆင့် မှော်အစီအရင်များ လောကီပညာအစီအရင်များ အခမ်းအနားတို့တွင် အမွှေးနံ့သာများ ထွန်းကားလာခြင်းပင် ဖြစ်ပေသည်။ ယနေ့ခေတ်အချိန်တွင် လူတိုင်းလိုလို ရေမွှေး ၊ အမွှေးနံ့သာများကို မြတ်မြတ်နိုးနိုး ဆွတ်လာကြသည်။ ရေမွှေးဆွတ်ယဉ်ကျေးမှုတောင် ခေါ်ဆိုရမလိုပင် ဖြစ်နေသည်။ ရေမွှေးများသည် 3000 4000 လောက်မှ သိန်းကျော်သည်အထိ ဈေးနှုန်းသည် မြင့်မားလျက်ရှိပေသည်။ အမွှေးနံ့သာဟူသည်မှာ အာရုံငါးပါးတွင် တစ်ပါးအပါအ၀င်ဖြစ်ပြီး ဆွဲငင်ညှိ့ယူနိုင်သော အကျိုးရရှိပြီး သူတစ်ပါး၏စိတ်ဓာတ်အား ထိခိုက်စေနိုင်သော အစွမ်းရှိသည်။ ကျွန်တော်တို့ အစီအရင်များတွင် ရေမွှေးကို ထည့်သွင်းသုံးစွဲခြင်းသည် မိမိတို့မလိုလားအပ်သော အရာများကို တားဆီးနိုင်ပြီး မိမိလိုအပ်သောအရာများကို ပေါ်ပေါက်လာစေနိုင်သည်ဟု ယုံကြည်ကြသည်။
ရေမွှေးတို့သည် တုန်ခါမှုကို ပြုလုပ်ပေးနိုင်ပေသည်။ ထိုတုန်ခါမှုကြောင့် ရေမွှေးဆွတ်ထားသူ၏ကိုယ်ရောင်ကိုယ်ဝါကို ဖြတ်သန်း၍ သူ့အနီးသို့ ကပ်လာသောအခြားသူတစ်ဦးဦး၏ ကိုယ်ရောင်ကိုယ်ဝါအထဲသို့ စီးဝင်ပျံ့သွားလေသည်။ ကျွန်တော်တို့မှာ ရှိနေသော ကိုယ်ရောင်ကိုယ်ဝါများသည် တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ချေ။ အချို့လူများတွင် ကိုယ်ရောင်ကိုယ်ဝါ မတောက်ဘဲ အချို့လူများတွင် ထူကဲ၍ လှပသော ကိုယ်ရောင်ကိုယ်ဝါရှိသည်။ ရေမွှေး၏အစွမ်းသည် ကျဲပါးသော ကိုယ်ရောင်ကိုယ်ဝါက၏ထုထည်နှင့် အကျိုးသက်ရောက်မှုနယ်ပယ်ကို ချဲ့ကားပေးနိုင်သည်။ ထို့ကြောင့် ရေမွှေးဆွတ်ထားသူ၏အတွေးများနှင့်ခံစားမှုများကို တစ်ဖက်လူလက်သင့်ခံမိနိုင်ရန် ပို၍ လွယ်ကူလာသည်။ ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာ နေထိုင်ရန်အတွက် ရေမွှေးများကို သုံးစွဲသင့်ပေသည်။ ထို့သို့ ကိုယ်ရောင်ကိုယ်ဝါ အားကောင်းစေရန် သီးသန့်ဖော်စပ်ထားသည့် ရေမွှေးများအား သုံးစွဲခြင်းဖြင့် ပိုမိုဆွဲဆောင်နိုင်ပြီး မလိုသူများလည်း အနားသို့ ကပ်နိုင်မည် မဟုတ်ပါ။ အချို့သော ရေမွှေးများသည် ကံကောင်းစေတတ်သည်။ သို့သော တစ်ပါးသူကို ပြောင်းပြန်သက်ရောက်မှုကို ဖြစ်စေတတ်သည်။
(၁) ပန်းတမာ၊ တမာခါး(သို့)နီလာပင်လို့ ခေါ်ဆိုသည့် အပင်တစ်မျိုး(Lilac)သည် ငွေရစေသော ကံကောင်းခြင်းကို ပေးသည်။
(၂) စန္ဒကူးနံ့သာ(Sandlewood)မှာ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်စေတတ်သော သဘောရှိသည်။
(၃) လာဗင်ဒါ( Lavender) အနဲ့မှာ နိုးကြားစေတတ်ပြီး
(၄) ဆောင်တော်ကူးပန်း(Verbena) အနံ့မှာ စကားကို ရေလွှတ် တတွတ်တွတ် ပြောစေတတ်သည်။
ကဲ သိပ်များသွားမှာစိုးလို့ အပိုင်းနှစ်ကို စောင့်လိုက်ပါအုန်းနော်။

မင်းခ(ခ)Mr.Kamawna
အဘရာဘာရာဘရာ

No comments:

Post a Comment