မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာထွန်းကားမှုမရှိစဉ်တုန်းက မြန်မာနိုင်ငံမှာ
မိုင်ယန်လချင်းတို့ကဲ့သို့သော စုန်းမျိုးနွယ်များသာ ကျက်စားခဲ့ကြပြီး
အစောဆုံးအနေနှင့် ပျူလူမျိုးများဆီသို့ ဗုဒ္ဒဘာသာရောက်ရှိလာခဲ့သည်။
ထိုသို့ရောက်ရှိခဲ့သော်လည်း အဖြူရောင်နှင့်အနက်ရောင်စုန်းပညာလေ့လာသော
မျိုးနွယ်စုများ၊ ဂိုဏ်းဂနများ ပေါ်ထွန်းခဲ့ပြီး အချို့မှာစုန်းပညာနှင့်
အရိမေတ္တယျဘုရားရှင်ကိုစောင့်ကာ သေခြင်းကင်းမဲ့သော သံသရာလမ်းဆုံးကို
ရောက်အောင်ပြုလုပ်နိုင်ရန်အတွက် အသက်ကိုဆွဲဆန့်သူများလည်းရှိသလို
အချို့ကတော့ မိမိပညာကိုမကောင်းသောနေရာများတွင် အသုံးချခဲ့ကြသည်။
အချို့ကတော့ အရည်းကြီးတို့ကဲ့သို့သော
စုန်းပညာလိုက်စားသူများကို ကိုးကွယ်ခဲ့ကြသည်။ အရည်းကြီးတို့ကို
ကိုးကွယ်သူများသည် မိမိတို့လက်ထပ်ရသောအခါတွင် အရည်းကြီးတို့ထံတွင်
အမျိုးသမီးများအား အိမ်ထောင်မှုဆိုင်ရာ ဆိုဆုံးမစကားများ ဆုံးမစေခြင်းငှာ
ပထမမင်္ဂလာဦးညကိုအချိန်ကုန်လွန်စေခဲ့သော်လည်း နောက်ပိုင်းတွင်တော့
ပန်းဦးဆက်သည့်အယူဝါဒအဖြစ်သို့ပြောင်းလဲသွားခဲ့ပြီး
အပျိုစင်ဘဝကိုဆက်သရသောအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီးနောက်တွင်တော့
အရည်းကြီးဝါဒကိုသက်ဝင်ယုံကြည်မှုများနည်းပါးလာပြီး ရှင်အရဟံ၏ကျေးဇူးကြောင့်
ဗုဒဘာသာသို့ ကူးပြောင်းလာနိုင်ခဲ့ကြသည်။
ထိုခေတ်အခါကတည်းက
စုန်း၊ကဝေနှင့်မှော်ပညာများကိုသက်ဝင်ယုံကြည်ခဲ့ကြပြီး စုန်းဟူသည်
လူသားတင်မဟုတ်ဘဲ အခြားသက်ရှိများတွင်ပါ ဝမ်းတွင်းဖြစ်စေ၊
သင်ယူတတ်မြောက်၍ဖြစ်စေ၊ ပညာလွဲပြောင်းခြင်းဖြစ်စေရယူနိုင်ပြီး
စုန်းဆိုသည့်အရာသည်
သက်ရှိတစ်မျိုးဖြင့်သက်သက်ဖြစ်တည်ခြင်းမျိုးလည်းရှိသည်ဟုလည်း
ယုံကြည်ထားကြသည်။ ဥပမာအားဖြင့် အိမ့်တလိမ့်ခေါ်မစင်စားစုန်းသည်
မစင်ပုံများကြားတွင် နေထိုင်သော စက်လုံးပုံသဏ္ဍာန်
ခုန်ဆွဆွသွားတတ်သောသက်ရှိတစ်မျိုးဖြစ်သည်။
နောက်ပိုင်းတွင်တော့ စုန်းတို့၏နေရာကို
လူတို့ကသိရှိသွားပြီးနောက်ပိုင်းတွင်တော့ မျိုးပွားခွင့်ပိတ်ပင်ခဲ့ကြခြင်း၊
အင်အားသုံးဖိနှိပ်ခဲ့ကြခြင်းတို့ကြောင့် စုန်းပညာလိုက်စားသူတို့
နယ်ပယ်အသီးသီးသို့ ရှောင်တိမ်းကြရင်း စုန်းတို့အကြောင်းကိုလူသိနည်းလာကြပြီး
ပုံပြင်သဖွယ်ယူဆလာကြသည်။ အချို့ကတော့ စုန်းဒဏ္ဍာရီများတွင်
တိမ်ညွှန့်စားခြင်းတို့ကဲ့သို့ မဖြစ်နိုင်သည်များထည့်သွင်းခဲ့ကြသည်။
လောကဓာတ်ပညာတွင်တော့ မှော်နှင့်စုန်းပညာသည် အလွန်နက်နဲသော
ရူပဗေဒနည်းပညာများနှင့် ကြိုးမဲ့အာရုံဆက်သွယ်ခြင်းနည်းလမ်းများ၊
ဇီဝဓာတုနည်းလမ်းများကိုအသုံးချခြင်းဟု ဖော်ပြခဲ့ကြသည်။
အနောက်တိုင်းပညာရှင်အချို့ကမူ
ကိုယ်တွင်းရှိလျှပ်စစ်သံလိုက်လှိုင်းကိုအသုံးချခြင်းနှင့်
သွယ်ဝိုက်တိုက်ဆိုင်စေသောအဆောင်များအကြောင်းကိုထောက်ပြခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ မှော်နှင့်စုန်းကဝေပညာရပ်များသည် ဒဏ္ဍာရီလော၊
လက်တွေ့လောဟု ဒွိဟပွားနေကြသော်လည်း ယုံကြည်သူများရှိနေပါသေးကြောင်း
ဖော်ပြပေးလိုက်ရပါတယ်။
Credit : ကာရှိုင်း(ကြယ်စင်ချစ်သူ)
No comments:
Post a Comment